သူတို့၏နောက်ကွယ်ကပေတံများ -အပိုင်း5

အခက်အခဲတွေ ရှိပေမယ့်လည်း information ကိုတော့ စုဆောင်းဖို့ လိုတယ်

အမျိုးသမီးတွေအနေနဲ့ သူရထားတဲ့ အချိန်အတွင်းမှာ information ရဖို့ဆိုတာ အခက်အခဲရှိနိုင်ပါတယ်။ အမျိုးသမီးတွေဟာ အိမ်မှုကိစ္စများ၊ သားသမီးကိစ္စများ ရှိတာကြောင့် အလုပ်လုပ်ရမှာ အချိန် အများကြီး မပေးနိုင်ကြပါ။ အထူးသဖြင့် ကုမ္ပဏီရဲ့ ပါတီပွဲနဲ့ အခြားသော အခမ်းအနားတွေမှာ အမျိုးသမီး အများစုဟာ အချိန် အခက်အခဲကြောင့် မသွားနိုင်ကြတာ များပါတယ်။ အဲ့ဒီမှာ စတွေ့တာကတော့ အုပ်စုဖွဲ့ ယှဉ်ပြိုင်မှုများတဲ့ ကုမ္ပဏီ‌တွေမှာ တစ်စုနဲ့ တစ်စု အခြေအနေကိုမသိရင် လှုပ်ရှားရတာ အတော်ခက်တာကို တွေ့ရပါတယ်။ ဒါပေမယ့် မဖြစ်‌မနေလို့ ဆိုရမလိုကို သွားသင့်ပါတယ်။ ပါတီနဲ့ အခမ်းအနားတွေဆိုတာ တစ်ဖက်လူဆီက information နဲ့ ကိုယ့်ဆီက information လဲလှယ်လို့ အကောင်းဆုံးနေရာတွေ ဖြစ်ပါတယ်။ communication network ကောင်းသူတွေနဲ့ သက်ဆိုင်ရာနေရာမှာ professional ဆန်သူတွေကတော့ ဒီလိုပွဲမျိုးတွေဟာ သူတို့တွေအတွက် အကောင်းဆုံးပဲဖြစ်ပါတယ် ဆိုတာ သိကြပါတယ်။ ဒီ့ထက်ပိုပြီး ပြောရရင် သူများမသိတဲ့ အကြောင်းအရာကို သိနေဆဲ့ ကိုယ်ဟာ ကုမ္ပဏီရဲ့ မျက်နှာဖုံး ဖြစ်လာနိုင်တဲ့ အခွင့်အရေးလည်း ရရှိဦးမှာ ဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့အတိုင်း informal communication ဆိုတာ အချိန်မရှိတဲ့သူတွေအတွက်လည်း အသုံး၀င်မှာ ဖြစ်ပါတယ်။ information ဆိုတာဟာ အပြင်မှာ ထမင်းစားရင်း စကားပြောရင်း မလုပ်ဘဲ တစ်ခါလောက်ဆုံမိရုံနဲ့ ပြောပြမယ့် အရာထဲမှာ မပါပါဘူး။ အတော်လေး အချိန် အခက်အခဲရှိနေပြီဆိုရင်တော့ Mail ပို့ပြီးတော့ ဆက်သွယ်နိုင်ပါသေးတယ်။ 

Role Model ရှာပါ

ကိုယ့်ထက် ၃နှစ်ကနေ ၁၀နှစ်အထိ စောပြီး အလုပ်၀င်တဲ့သူတွေကို ကိုယ့်ရဲ့ Role Model အဖြစ်ထားပါ။ ၁၀နှစ်ကျော်လောက် စောသူဖြစ်ရင်တော့ သင်ပေးသူ(ဆရာ) နေရာမှာ ထားပြီး သူ့ဆီက အလုပ်တော်တော်များများကို သင်ယူနိုင်ပြီ ဖြစ်ပါတယ်။ Role Model ရှာတတ်ခြင်းဟာ အလုပ်မှာ ပိုပြီး အဆင်ပြေချောမွေ့စေပါတယ်။ Role Model ရှိခြင်း၊ မရှိခြင်းဟာ လမ်းပြ နဲ့ ခရီးသွားခြင်းနဲ့ လမ်းပြမပါဘဲ ခရီးသွားခြင်း ကွာသလိုပဲ ကွာပါတယ်။ Role Model ရှာထားသူ မိမိဟာ တစ်နေ့မှာ သူများရဲ့ Role Model နေရာကို ရောက်ရှိလာနိုင်ပါသေးတယ်။ ဒါကြောင့် Business တစ်ခုကို Game အဖြစ်နဲ့ တင်စားရရင် Role Model ဆိုတာ ဘယ်နေရာမှာ ရှိတယ် ဆိုတာ သိလောက်ပြီ ထင်ပါတယ်။ ဘယ်လိုလူမျိုးကို Role Model အဖြစ် ရွေးရမလဲလို့ မေးမှာလား။ အဖြေကတော့ တစ်ဖက်သားကို သင်ကြားပေးရတာကို သဘောကျသူကိုသာ ရွေးပါ။ နောက်တစ်ခုက ကိုယ့်လက်အောက်က လူကို သေသေချာချာ သင်ရင် ကိုယ့်အလုပ်မှာလည်း အကူအညီရနိုင်တယ်ဆိုတာကို  အမှန်တကယ် သဘောပေါက်တဲ့သူကို ရွေးပါ။ တစ်ခုတော့ရှိတယ်။ ကိုယ်ကိုယ်တိုင်ကလည်း Role Model ကိုအားကျတာ လေးစားတာတွေလည်း ရှိဖို့ လိုပါတယ်။ ဒါမှ သူသင်ပေးတာကို သေသေချာချာ လိုက်လုပ်ချင်စိတ် ရှိမှာ ဖြစ်ပါတယ်။ နောက်ဆုံး မိမိ ကုမ္ပဏီတွင်းမှာ ဒီလို လူတွေမရှိရင်တောင် ကုမ္ပဏီပြင်ပက လူတစ်ဦးတစ်ယောက်ဟာလည်း ကိုယ့်ရဲ့ Role Model ဖြစ်လာနိုင်ပါသေးတယ်။ Role Model ဆိုတာ တစ်ယောက်မက ထားဖို့ လိုပါတယ်။ ဒါမှ အကြံဉာဏ်ကောင်းတွေ များများ ရနိုင်ပါမယ်။ သူသင်ပေးသလို ကိုယ်ကလည်း လိုက်လုပ်နိုင်ပြီ ဆိုရင်တော့ နှစ်ဖက်လုံး အကျိုးခံစားရဖွယ် ရှိပါတယ်။ 

ငွေရေးကြေးရေးမှာ ကိုယ်ပိုင် ရပ်တည်နိုင်ဖို့ဟာ အရေးကြီးပါတယ်

ငွေဟာ ဘာကြောင့် အရေးကြီးလဲ ဆိုတာကို ဆက်ကြည့်ကြရအောင်။ အခုတလော financial independence ဆိုတဲ့ စကား မကြာခဏ ကြားရပါတယ်။ အဓိပ္ပါယ်ကတော့ မိမိဘ၀ ရပ်တည်ဖို့ လုံလောက်တဲ့ ငွေကြေးရှိဖို့နဲ့ ငွေကြေးတိုးပွားဖို့ အတွက် ရင်းနှီးမြှုပ်နှံခြင်းဆိုတဲ့ စဉ်းစားပုံတွေနဲ့ ဆက်စပ်နေပါတယ်။ ကျွန်မတို့ ငယ်ငယ်က သိပ်ကြိုက်ခဲ့ကြတဲ့ နာမည်ကျော် စာအုပ် တစ်အုပ်ဖြစ်တဲ့ “ဆင်းရဲဖေဖေ၊ ချမ်းသာဖေဖေ” ဆိုတဲ့ စာအုပ်ထဲမှာဆိုရင် ဒီ‌အကြောင်းကို ဦးစားပေး ပြောထားတာကို မှတ်မိကြတယ်မဟုတ်လား။ financial independence ကို ‌အကောင်အထည်ဖော်ချင်ရင် မိမိ၀င်ငွေကို ၁၀၀% ထားကြပါစို့။ ၇၅% ကနေ ၈၀% ထိကို သုံးပြီး ၂၀% ကနေ ၂၅% ကို ငွေကြေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု မဖြစ်မနေ ပြုဖို့ လိုပါတယ်။ ရသမျှ အကုန်သုံးလို့တော့ မဖြစ်ပါ။ ငွေရပြီဆိုတာနဲ့ ၂၀% ကနေ ၂၅% ကို ချက်ချင်းဖယ်ပါ။ ကျန်တဲ့ ငွေကိုသာသုံးပါ။

အခန်းဆက်များကို နောက်ရက်များမှာ ဆက်လက်တင်ပြပေးပါမယ်။

ချစ်တဲ့-ဟိခါ့လိမိုး

==============================

သူတို႔၏ေနာက္ကြယ္ကေပတံမ်ား -အပိုင္း5


・အခက္အခဲေတြ ရွိေပမယ့္လည္း information ကိုေတာ့ စုေဆာင္းဖို႔ လိုတယ္

အမ်ိဳးသမီးေတြအေနနဲ႔ သူရထားတဲ့ အခ်ိန္အတြင္းမွာ information ရဖို႔ဆိုတာ အခက္အခဲရွိနိုင္ပါတယ္။ အမ်ိဳးသမီးေတြဟာ အိမ္မႈကိစၥမ်ား၊ သားသမီးကိစၥမ်ား ရွိတာေၾကာင့္ အလုပ္လုပ္ရမွာ အခ်ိန္ အမ်ားႀကီး မေပးနိုင္ၾကပါ။ အထူးသျဖင့္ ကုမၸဏီရဲ့ ပါတီပြဲနဲ႔ အျခားေသာ အခမ္းအနားေတြမွာ အမ်ိဳးသမီး အမ်ားစုဟာ အခ်ိန္ အခက္အခဲေၾကာင့္ မသြားနိုင္ၾကတာ မ်ားပါတယ္။ အဲ့ဒီမွာ စေတြ႕တာကေတာ့ အုပ္စုဖြဲ႕ ယွဥ္ၿပိဳင္မႈမ်ားတဲ့ ကုမၸဏီေတြမွာ တစ္စုနဲ႔ တစ္စု အေျခအေနကိုမသိရင္ လႈပ္ရွားရတာ အေတာ္ခက္တာကို ေတြ႕ရပါတယ္။ ဒါေပမယ့္ မျဖစ္မေနလို႔ ဆိုရမလိုကို သြားသင့္ပါတယ္။ ပါတီနဲ႔ အခမ္းအနားေတြဆိုတာ တစ္ဖက္လူဆီက information နဲ႔ ကိုယ့္ဆီက information လဲလွယ္လို႔ အေကာင္းဆုံးေနရာေတြ ျဖစ္ပါတယ္။ communication network ေကာင္းသူေတြနဲ႔ သက္ဆိုင္ရာေနရာမွာ professional ဆန္သူေတြကေတာ့ ဒီလိုပြဲမ်ိဳးေတြဟာ သူတို႔ေတြအတြက္ အေကာင္းဆုံးပဲျဖစ္ပါတယ္ ဆိုတာ သိၾကပါတယ္။ ဒီ့ထက္ပိုၿပီး ေျပာရရင္ သူမ်ားမသိတဲ့ အေၾကာင္းအရာကို သိေနဆဲ့ ကိုယ္ဟာ ကုမၸဏီရဲ့ မ်က္ႏွာဖုံး ျဖစ္လာနိုင္တဲ့ အခြင့္အေရးလည္း ရရွိဦးမွာ ျဖစ္ပါတယ္။ အေပၚမွာေျပာခဲ့တဲ့အတိုင္း informal communication ဆိုတာ အခ်ိန္မရွိတဲ့သူေတြအတြက္လည္း အသုံး၀င္မွာ ျဖစ္ပါတယ္။ information ဆိုတာဟာ အျပင္မွာ ထမင္းစားရင္း စကားေျပာရင္း မလုပ္ဘဲ တစ္ခါေလာက္ဆုံမိ႐ုံနဲ႔ ေျပာျပမယ့္ အရာထဲမွာ မပါပါဘူး။ အေတာ္ေလး အခ်ိန္ အခက္အခဲရွိေနၿပီဆိုရင္ေတာ့ Mail ပို႔ၿပီးေတာ့ ဆက္သြယ္နိုင္ပါေသးတယ္။


・Role Model ရွာပါ

ကိုယ့္ထက္ ၃ႏွစ္ကေန ၁၀ႏွစ္အထိ ေစာၿပီး အလုပ္၀င္တဲ့သူေတြကို ကိုယ့္ရဲ့ Role Model အျဖစ္ထားပါ။ ၁၀ႏွစ္ေက်ာ္ေလာက္ ေစာသူျဖစ္ရင္ေတာ့ သင္ေပးသူ(ဆရာ) ေနရာမွာ ထားၿပီး သူ႔ဆီက အလုပ္ေတာ္ေတာ္မ်ားမ်ားကို သင္ယူနိုင္ၿပီ ျဖစ္ပါတယ္။ Role Model ရွာတတ္ျခင္းဟာ အလုပ္မွာ ပိုၿပီး အဆင္ေျပေခ်ာေမြ႕ေစပါတယ္။ Role Model ရွိျခင္း၊ မရွိျခင္းဟာ လမ္းၿပ နဲ႔ ခရီးသြားျခင္းနဲ႔ လမ္းျပမပါဘဲ ခရီးသြားျခင္း ကြာသလိုပဲ ကြာပါတယ္။ Role Model ရွာထားသူ မိမိဟာ တစ္ေန႔မွာ သူမ်ားရဲ့ Role Model ေနရာကို ေရာက္ရွိလာနိုင္ပါေသးတယ္။ ဒါေၾကာင့္ Business တစ္ခုကို Game အျဖစ္နဲ႔ တင္စားရရင္ Role Model ဆိုတာ ဘယ္ေနရာမွာ ရွိတယ္ ဆိုတာ သိေလာက္ၿပီ ထင္ပါတယ္။ ဘယ္လိုလူမ်ိဳးကို Role Model အျဖစ္ ေရြးရမလဲလို႔ ေမးမွာလား။ အေျဖကေတာ့ တစ္ဖက္သားကို သင္ၾကားေပးရတာကို သေဘာက်သူကိုသာ ေရြးပါ။ ေနာက္တစ္ခုက ကိုယ့္လက္ေအာက္က လူကို ေသေသခ်ာခ်ာ သင္ရင္ ကိုယ့္အလုပ္မွာလည္း အကူအညီရနိုင္တယ္ဆိုတာကို အမွန္တကယ္ သေဘာေပါက္တဲ့သူကို ေရြးပါ။ တစ္ခုေတာ့ရွိတယ္။ ကိုယ္ကိုယ္တိုင္ကလည္း Role Model ကိုအားက်တာ ေလးစားတာေတြလည္း ရွိဖို႔ လိုပါတယ္။ ဒါမွ သူသင္ေပးတာကို ေသေသခ်ာခ်ာ လိုက္လုပ္ခ်င္စိတ္ ရွိမွာ ျဖစ္ပါတယ္။ ေနာက္ဆုံး မိမိ ကုမၸဏီတြင္းမွာ ဒီလို လူေတြမရွိရင္ေတာင္ ကုမၸဏီျပင္ပက လူတစ္ဦးတစ္ေယာက္ဟာလည္း ကိုယ့္ရဲ့ Role Model ျဖစ္လာနိုင္ပါေသးတယ္။ Role Model ဆိုတာ တစ္ေယာက္မက ထားဖို႔ လိုပါတယ္။ ဒါမွ အႀကံဉာဏ္ေကာင္းေတြ မ်ားမ်ား ရနိုင္ပါမယ္။ သူသင္ေပးသလို ကိုယ္ကလည္း လိုက္လုပ္နိုင္ၿပီ ဆိုရင္ေတာ့ ႏွစ္ဖက္လုံး အက်ိဳးခံစားရဖြယ္ ရွိပါတယ္။


・ေငြေရးေၾကးေရးမွာ ကိုယ္ပိုင္ ရပ္တည္နိုင္ဖို႔ဟာ အေရးႀကီးပါတယ္

ေငြဟာ ဘာေၾကာင့္ အေရးႀကီးလဲ ဆိုတာကို ဆက္ၾကည့္ၾကရေအာင္။ အခုတေလာ financial independence ဆိုတဲ့ စကား မၾကာခဏ ၾကားရပါတယ္။ အဓိပၸါယ္ကေတာ့ မိမိဘ၀ ရပ္တည္ဖို႔ လုံေလာက္တဲ့ ေငြေၾကးရွိဖို႔နဲ႔ ေငြေၾကးတိုးပြားဖို႔ အတြက္ ရင္းႏွီးျမႇုပ္ႏွံျခင္းဆိုတဲ့ စဥ္းစားပုံေတြနဲ႔ ဆက္စပ္ေနပါတယ္။ ကၽြန္မတို႔ ငယ္ငယ္က သိပ္ႀကိဳက္ခဲ့ၾကတဲ့ နာမည္ေက်ာ္ စာအုပ္ တစ္အုပ္ျဖစ္တဲ့ “ဆင္းရဲေဖေဖ၊ ခ်မ္းသာေဖေဖ” ဆိုတဲ့ စာအုပ္ထဲမွာဆိုရင္ ဒီအေၾကာင္းကို ဦးစားေပး ေျပာထားတာကို မွတ္မိၾကတယ္မဟုတ္လား။ financial independence ကို အေကာင္အထည္ေဖာ္ခ်င္ရင္ မိမိ၀င္ေငြကို ၁၀၀% ထားၾကပါစို႔။ ၇၅% ကေန ၈၀% ထိကို သုံးၿပီး ၂၀% ကေန ၂၅% ကို ေငြေၾကးဆိုင္ရာ ရင္းႏွီးျမႇုပ္ႏွံမႈ မျဖစ္မေန ျပဳဖို႔ လိုပါတယ္။ ရသမၽွ အကုန္သုံးလို႔ေတာ့ မျဖစ္ပါ။ ေငြရၿပီဆိုတာနဲ႔ ၂၀% ကေန ၂၅% ကို ခ်က္ခ်င္းဖယ္ပါ။ က်န္တဲ့ ေငြကိုသာသုံးပါ။


အခန္းဆက္မ်ားကို ေနာက္ရက္မ်ားမွာ ဆက္လက္တင္ျပေပးပါမယ္။


ခ်စ္တဲ့-ဟိခါ့လိမိုး

Leave a comment