နံပါတ် ၉ _ စက်မှုလုပ်ငန်း ဆန်းသစ်တီထွင်မှုနှင့် အခြေခံ အဆောက်အအုံ မြှင့်တင်ရေး

SDGs ရဲ့ နံပါတ် ၉ ရည်မှန်းချက်ကတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုဦးတည်တဲ့ အခြေခံ အဆောက်အအုံများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများ ပြုလုပ်ပြီး အရောင်းမြှင့်တင်ရန်နှင့် ဆန်းသစ်တီတွင်မှုများကို တိုးချဲ့ဆောင်ရွက်ရန်ဖြစ်ပါတယ်။ ရည်မှန်းချက်များအောင်မြင်ရန် လူသားအားလုံးက သတင်းအချက်အလက်များနဲ့ ဗဟုသုတများကို တန်းတူရရှိနိုင်မယ့် အခွင့်အလမ်းများ ဖန်တီးပေးဖို့ လိုအပ်လှပါတယ်။ 

SDGs ဖြစ်ပေါ်လာခဲ့ရတဲ့ အကြောင်းအရင်းတွေထဲမှာတော့ စက်မှုထုတ်လုပ်မှုနဲ့ စီးပွားရေး လည်ပတ်ပုံ စနစ်မှာ ကမ္ဘာမြေရဲ့ သဘာဝ ပတ်ဝန်းကျင်ကောင်းများ ပြန်လည်မဖြစ်ပေါ်ခြင်း၊ မညီမျှမှုများ ပြင်ဆင်ထားမှု  မရှိခြင်း၊ မျှတသော ငွေပေးငွေယူပြုခြင်းများ မရှိခြင်း စတဲ့ အထောက်အထားများကြောင့် ဖြစ်ပါတယ်။ တကယ်တော့ မြို့ပြဧရိယာမှာ ဇီဝမျိုးစုံ မျိုးကွဲများ ပျက်စီးမှု၊ လမ်းများ အသွားအလာ ပိတ်ဆို့မှု မကြာခဏ ယာဉ်တိုက်မှု၊ ဆေးဘက်ဆိုင်ရာနှင့် သက်သာချောင်ချိရေး ဝန်ဆောင်မှုများမလုံလောက်မှု စတဲ့ပြဿနာတွေကို တွေ့ရပါတယ်။

ဒီလိုမြို့ပြရဲ့ အခက်အခဲတွေကိုဖြေရှင်းပေးမယ်ဆိုရင် သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံ၊ ဆက်သွယ်ရေးကွန်ယက်စတဲ့ ဆန်းသစ်တီထွင်မှု နည်းပညာတွေ တိုးတက်ဖို့ လိုအပ်ပါတယ်။

ယခုအခါမှာတော့ United Nations မှ အသစ်စတင် လုပ်ကိုင်မဲ့လုပ်ငန်းများကို ပံ့ပိုးကူညီခြင်း နဲ့ စက်မှု ပြောင်းလဲမှုများ ဖြစ်ပေါ်စေရန် အရှိန်အဟုန်အမြန်ဆုံးဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါတွေကို ကြည့်မယ်ဆိုရင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေသော လူ့ပတ်ဝန်းကျင်တစ်ခုဖြစ်ပေါ်ရန် စက်မှု ပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့် ဈေးကွက်အသစ်များပေါ်ပေါက်နေသည်ကို တွေ့မြင်နိုင်ပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်လာချိန်မှာ ကျေးလက်ဒေသများတွင်လည်း အသေးစားနဲ့ အလယ်အလတ်စားများပေါ် အခြေခံရင်း စီးပွားရေးအခွင့်အလမ်းများစွာ ပေါ်ပေါက်လာနိုင်ပါတယ်။ 

・ကမ္ဘာပေါ်မှ ကျော်ကြားသော SDGs ဆိုင်ရာ စီးပွားရေးလုပ်ငန်းများ

စီးပွားရေးလုပ်ငန်းတွေထဲမှ SDGs ကို အခြေခံတဲ့ ကျော်ကြားသော ကုမ္ပဏီများနှင့် လှုပ်ရှားမှုများအကြောင်းကို မိတ်ဆက်ပေးလိုက်ပါတယ်။ 

  • TOYOTA CAR COMPANY

အနာဂတ်ရဲ့ သဘာ၀ပတ်၀န်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ကိုရှေးရှုပြီး Mobility ပတ်၀န်းကျင်တစ်ခုဖြစ်ပေါ်ဖို့အတွက် ဂျပန်နိုင်ငံက Toyota ကားကုမ္ပဏီဟာ မြို့ပြတစ်ခုကို တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဖူဂျီတောင်နားမှာ 2021 ခုနှစ်၌ အပြီးတည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ Woven City ဟာ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကို ဆက်သွယ်ပေးမယ့် နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ကားထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ နည်းပညာနဲ့ လုပ်ပုံလုပ်နည်းစတာတွေကို အခြားသော ကုမ္ပဏီများ၊ လေ့လာသူ ပညာရှင်များနဲ့ အတူတကွ ပူးပေါင်း၍ လူသားနဲ့ နည်းပညာအင်အားတို့ကို အသုံးပြုကာ လူမှုပတ်ဝန်းကျင်တစ်ခု တိုးတက်ဖို့ရာ အကောင်အထည်ဖော်လျက်ရှိပါတယ်။ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုများဟာ IOT နဲ့ AI တို့ဖြင့် ချိတ်ဆက်ဖြစ်ပေါ်နေခြင်းကြောင့် connect city ပါ ဖြစ်ပေါ်လာခဲ့ပြီး လူမှုပတ်ဝန်းကျင်အသစ်နဲ့ စီးပွားရေး model ပုံစံသစ်များပါ ပေါ်ပေါက်လာခဲ့ပါတယ်။ လက်ရှိဂျပန်နိုင်ငံရဲ့ လူမှုပတ်ဝန်းကျင်မှာ တွေ့ကြုံခံစားနေရတဲ့ပြဿနာတွေကတော့ ကားလမ်းများပိတ်ဆို့မှုနဲ့ သက်ကြီးရွယ်အိုများ များပြားလာမှု စတာတွေပဲဖြစ်ပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ရာ 2ထပ်ယာဉ် သွားလမ်းများတည်ဆောက်ခြင်း နဲ့ personal mobility လမ်းများ တည်ဆောက်လျက်ရှိပါတယ်။ ဒီလိုလမ်းတွေဟာ Life Style နဲ့ကိုက်ညီမှု ရှိမှာဖြစ်သလို ယာဉ်ကြပ်မှု ပြဿနာများကိုလည်း လျော့ကျစေပါတယ်။ လောင်စာဆီအစား ဘက်ထရီနဲ့ ပြန်လည်အသုံးပြုနိုင်သောစွမ်းအင် အသုံးပြုခြင်းကြောင့် နည်းပညာနဲ့ သဘာ၀ကို ညှိပေးနိုင်သော မြို့ပြသစ်များ ပေါ်ထွန်းလာနိုင်ပါတယ်။ ထို့အတူ လူနေမှုပုံစံလည်းပြောင်းလဲလာနိုင်ပြီး စီးပွားရေးလုပ်ငန်းသစ်များလည်း ပေါ်ပေါက်စေမှာ ဖြစ်ပါတယ်။ 

Woven City မှာတော့ သဘာ၀ပတ်၀န်းကျင်ကိုထိခိုက်မှု လျော့ချပေးမယ့် အသစ်တဖန် သုံးနိုင်သော စွမ်းအင် Solar သုံးခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လျော့ချပေးတဲ့ နည်းပညာတွေကို အသုံးပြုပြီး တည်ဆောက်သွားမယ်လို့ဆိုပါတယ်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော သဘာ၀ပတ်၀န်းကျင်ကို ဖြစ်ပေါ်စေဖို့အတွက် အခြေခံအဆောက်အအုံများဟာ လွယ်ကူရုံ တစ်ခုတည်းနဲ့ မလုံလောက်ပါ။ လုံခြုံမှုရှိဖို့နဲ့ လူသားများ ကူးလူးဆက်ဆံနိုင်သော ပတ်၀န်းကျင်ကောင်းရှိဖို့ရာလဲ လိုအပ်ပါတယ်။ ဒါဟာ Community အသစ်များကို မွေးဖွားစေနိုင်ပါတယ်။

  • Mizuno Bank

တရားမ၀င်ငွေလွှဲရေးကို တိုက်ဖျက်တဲ့ Campaign project တစ်ခုကို Mizuno Bank ကနေ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။

လူမှုပတ်၀န်းကျင်ပြဿနာများကို ဖြေရှင်းပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဈေးကွက်တစ်ခုကို စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ကုန်ပစ္စည်း ၀န်ဆောင်မှုတို့ရဲ့ ကောင်းခြင်း၊ မကောင်းခြင်းနဲ့လည်း မသက်ဆိုင်သလို လူမှု ပတ်၀န်းကျင် ပြဿနာများကို အဖြေရှာပေးလို့ တစ်ခုတည်းသော နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ One time password Apply နဲ့ One time password card လျှောက်ထားသူ 10,000 ကျော်ရင် NPO ကို လှူဒါန်းတဲ့ အတွက်ကြောင့် လုပ်ငန်းရှင်၊ customer နဲ့ NPO ပေါင်းပြီး လူမှုပြဿနာများကို ဖြေရှင်းကာ စီးပွားရေးပုံစံသစ်နဲ့ လုပ်ဆောင်လျက် ရှိပါတယ်။ 

Customer များနဲ့အတူ

၁။ ဘာကြောင့် ဒီ project ကို လုပ်သလဲ။

၂။ ဘာကြောင့် NPO ပါ ပါသလဲ။ 

၃။ လူမှုပတ်ဝန်းကျင် ပြဿနာတွေကကော ဘာဆက်ဖြစ်မလဲ။ စတဲ့ အချက်တွေကို Campaign မှာ အပြန်အလှန်ပြောကြားကြပါတယ်။

  • SDGs ရဲ့ လှုပ်ရှားမှုများ

2017ခုနှစ် 4 လပိုင်း ဂျပန်နိုင်ငံ၊ အိုကီနာဝါမှာ ကျင်းပခဲ့တဲ့ပွဲတစ်ခုမှာ Mr. YoshiMoto ဆိုတဲ့ အနုပညာရှင်ဟာ SDGs ရဲ့ ရည်မှန်းချက် 17 ခုကို သီချင်းပုံစံ သီဆိုသွားပြီး ဖျော်ဖြေခဲ့ပါတယ်။ SDGs ဟာ လူသိများပေမယ့် 17 ချက်လုံးရဲ့ အနက်ကိုတော့ သိသူနည်းပါ‌သေးတယ်။ ဒါဟာ Mr. YoshiMoto နဲ့ United Nations တို့ရဲ့ ပူးပေါင်းဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ Mr. YoshiMoto ဟာ SDGs နဲ့ သက်ဆိုင်သော အစီအစဉ်တွေကိုလည်း ရိုက်ကူးခဲ့ပါသေးတယ်။ ဒါတွေကတော့ အနုပညာရှင်များရဲ့ SDGs အပေါ် အခြေခံတဲ့ လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။ ဒီ့နောက် YoshiMoto Kogyo Co. Ltd. ကို တည်ထောင်ခဲ့ပြီး   SDGs အစီအစဉ်များကိုလည်း တင်ဆက်ခဲ့ပါတယ်။ လူငယ်များကြား ရေပန်းစားဖို့ အတွက် ဖျော်ဖြေရေး အင်အားကို အသုံးချကာ ဆောင်ရွက်ခြင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါဟာ လူအများကြား ပျံ့နှံ့မှုနှုန်း လွယ်ကူစေတယ်လို့ ဆိုနိုင်ပါတယ်။

ချစ်တဲ့-ဟိခါ့လိမိုး

Photo-credit 

============================

နံပါတ္ ၉ _ စက္မႈလုပ္ငန္း ဆန္းသစ္တီထြင္မႈႏွင့္ အေျခခံ အေဆာက္အအုံ ျမႇင့္တင္ေရး

SDGs ရဲ့ နံပါတ္ ၉ ရည္မွန္းခ်က္ကေတာ့ စီးပြားေရးဖြံ့ၿဖိဳးတိုးတက္မႈကိုဦးတည္တဲ့ အေျခခံ အေဆာက္အအုံမ်ားကို စဥ္ဆက္မျပတ္ ဖြံ့ၿဖိဳးတိုးတက္မႈမ်ား ျပဳလုပ္ၿပီး အေရာင္းျမႇင့္တင္ရန္ႏွင့္ ဆန္းသစ္တီတြင္မႈမ်ားကို တိုးခ်ဲ႕ေဆာင္ရြက္ရန္ျဖစ္ပါတယ္။ ရည္မွန္းခ်က္မ်ားေအာင္ျမင္ရန္ လူသားအားလုံးက သတင္းအခ်က္အလက္မ်ားနဲ႔ ဗဟုသုတမ်ားကို တန္းတူရရွိနိုင္မယ့္ အခြင့္အလမ္းမ်ား ဖန္တီးေပးဖို႔ လိုအပ္လွပါတယ္။
SDGs ျဖစ္ေပၚလာခဲ့ရတဲ့ အေၾကာင္းအရင္းေတြထဲမွာေတာ့ စက္မႈထုတ္လုပ္မႈနဲ႔ စီးပြားေရး လည္ပတ္ပုံ စနစ္မွာ ကမၻာေျမရဲ့ သဘာဝ ပတ္ဝန္းက်င္ေကာင္းမ်ား ျပန္လည္မျဖစ္ေပၚျခင္း၊ မညီမၽွမႈမ်ား ျပင္ဆင္ထားမႈ မရွိျခင္း၊ မၽွတေသာ ေငြေပးေငြယူျပဳျခင္းမ်ား မရွိျခင္း စတဲ့ အေထာက္အထားမ်ားေၾကာင့္ ျဖစ္ပါတယ္။ တကယ္ေတာ့ ၿမိဳ႕ျပဧရိယာမွာ ဇီဝမ်ိဳးစုံ မ်ိဳးကြဲမ်ား ပ်က္စီးမႈ၊ လမ္းမ်ား အသြားအလာ ပိတ္ဆို႔မႈ မၾကာခဏ ယာဥ္တိုက္မႈ၊ ေဆးဘက္ဆိုင္ရာႏွင့္ သက္သာေခ်ာင္ခ်ိေရး ဝန္ေဆာင္မႈမ်ားမလုံေလာက္မႈ စတဲ့ျပႆနာေတြကို ေတြ႕ရပါတယ္။
ဒီလိုၿမိဳ႕ျပရဲ့ အခက္အခဲေတြကိုေျဖရွင္းေပးမယ္ဆိုရင္ သယ္ယူပို႔ေဆာင္ေရးအေျခခံအေဆာက္အအုံ၊ ဆက္သြယ္ေရးကြန္ယက္စတဲ့ ဆန္းသစ္တီထြင္မႈ နည္းပညာေတြ တိုးတက္ဖို႔ လိုအပ္ပါတယ္။
ယခုအခါမွာေတာ့ United Nations မွ အသစ္စတင္ လုပ္ကိုင္မဲ့လုပ္ငန္းမ်ားကို ပံ့ပိုးကူညီျခင္း နဲ႔ စက္မႈ ေျပာင္းလဲမႈမ်ား ျဖစ္ေပၚေစရန္ အရွိန္အဟုန္အျမန္ဆုံးျဖင့္ ေဆာင္ရြက္လ်က္ရွိပါတယ္။ ဒါေတြကို ၾကည့္မယ္ဆိုရင္ စဥ္ဆက္မျပတ္ဖြံ့ၿဖိဳးတိုးတက္ေနေသာ လူ႔ပတ္ဝန္းက်င္တစ္ခုျဖစ္ေပၚရန္ စက္မႈ ေျပာင္းလဲမႈကို ျဖစ္ေပၚေစသည့္ ေဈးကြက္အသစ္မ်ားေပၚေပါက္ေနသည္ကို ေတြ႕ျမင္နိုင္ပါတယ္။ ဒီလိုပဲ ျမန္မာနိုင္ငံရဲ့စီးပြားေရးလုပ္ငန္းမ်ား ျပန္လည္စတင္လာခ်ိန္မွာ ေက်းလက္ေဒသမ်ားတြင္လည္း အေသးစားနဲ႔ အလယ္အလတ္စားမ်ားေပၚ အေျခခံရင္း စီးပြားေရးအခြင့္အလမ္းမ်ားစြာ ေပၚေပါက္လာနိုင္ပါတယ္။
・ကမၻာေပၚမွ ေက်ာ္ၾကားေသာ SDGs ဆိုင္ရာ စီးပြားေရးလုပ္ငန္းမ်ား
စီးပြားေရးလုပ္ငန္းေတြထဲမွ SDGs ကို အေျခခံတဲ့ ေက်ာ္ၾကားေသာ ကုမၸဏီမ်ားႏွင့္ လႈပ္ရွားမႈမ်ားအေၾကာင္းကို မိတ္ဆက္ေပးလိုက္ပါတယ္။


• TOYOTA CAR COMPANY
အနာဂတ္ရဲ့ သဘာ၀ပတ္၀န္းက်င္နဲ႔ လူမႈပတ္ဝန္းက်င္ကိုေရွးရႈၿပီး Mobility ပတ္၀န္းက်င္တစ္ခုျဖစ္ေပၚဖို႔အတြက္ ဂ်ပန္နိုင္ငံက Toyota ကားကုမၸဏီဟာ ၿမိဳ႕ျပတစ္ခုကို တည္ေဆာက္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဖူဂ်ီေတာင္နားမွာ 2021 ခုႏွစ္၌ အၿပီးတည္ေဆာက္ဖို႔ ရည္ရြယ္ထားတဲ့ Woven City ဟာ ကုန္ပစၥည္းနဲ႔ ၀န္ေဆာင္မႈေတြကို ဆက္သြယ္ေပးမယ့္ ေနရာတစ္ခုလည္း ျဖစ္ပါတယ္။ ကားထုတ္လုပ္တဲ့ ကုမၸဏီတစ္ခုအေနနဲ႔ နည္းပညာနဲ႔ လုပ္ပုံလုပ္နည္းစတာေတြကို အျခားေသာ ကုမၸဏီမ်ား၊ ေလ့လာသူ ပညာရွင္မ်ားနဲ႔ အတူတကြ ပူးေပါင္း၍ လူသားနဲ႔ နည္းပညာအင္အားတို႔ကို အသုံးျပဳကာ လူမႈပတ္ဝန္းက်င္တစ္ခု တိုးတက္ဖို႔ရာ အေကာင္အထည္ေဖာ္လ်က္ရွိပါတယ္။ ကုန္ပစၥည္းနဲ႔ ၀န္ေဆာင္မႈမ်ားဟာ IOT နဲ႔ AI တို႔ျဖင့္ ခ်ိတ္ဆက္ျဖစ္ေပၚေနျခင္းေၾကာင့္ connect city ပါ ျဖစ္ေပၚလာခဲ့ၿပီး လူမႈပတ္ဝန္းက်င္အသစ္နဲ႔ စီးပြားေရး model ပုံစံသစ္မ်ားပါ ေပၚေပါက္လာခဲ့ပါတယ္။ လက္ရွိဂ်ပန္နိုင္ငံရဲ့ လူမႈပတ္ဝန္းက်င္မွာ ေတြ႕ၾကဳံခံစားေနရတဲ့ျပႆနာေတြကေတာ့ ကားလမ္းမ်ားပိတ္ဆို႔မႈနဲ႔ သက္ႀကီးရြယ္အိုမ်ား မ်ားျပားလာမႈ စတာေတြပဲျဖစ္ပါတယ္။ ဒီျပႆနာေတြကို ေျဖရွင္းဖို႔ရာ 2ထပ္ယာဥ္ သြားလမ္းမ်ားတည္ေဆာက္ျခင္း နဲ႔ personal mobility လမ္းမ်ား တည္ေဆာက္လ်က္ရွိပါတယ္။ ဒီလိုလမ္းေတြဟာ Life Style နဲ႔ကိုက္ညီမႈ ရွိမွာျဖစ္သလို ယာဥ္ၾကပ္မႈ ျပႆနာမ်ားကိုလည္း ေလ်ာ့က်ေစပါတယ္။ ေလာင္စာဆီအစား ဘက္ထရီနဲ႔ ျပန္လည္အသုံးျပဳနိုင္ေသာစြမ္းအင္ အသုံးျပဳျခင္းေၾကာင့္ နည္းပညာနဲ႔ သဘာ၀ကို ညႇိေပးနိုင္ေသာ ၿမိဳ႕ျပသစ္မ်ား ေပၚထြန္းလာနိုင္ပါတယ္။ ထို႔အတူ လူေနမႈပုံစံလည္းေျပာင္းလဲလာနိုင္ၿပီး စီးပြားေရးလုပ္ငန္းသစ္မ်ားလည္း ေပၚေပါက္ေစမွာ ျဖစ္ပါတယ္။
Woven City မွာေတာ့ သဘာ၀ပတ္၀န္းက်င္ကိုထိခိုက္မႈ ေလ်ာ့ခ်ေပးမယ့္ အသစ္တဖန္ သုံးနိုင္ေသာ စြမ္းအင္ Solar သုံးျခင္းႏွင့္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို ေလ်ာ့ခ်ေပးတဲ့ နည္းပညာေတြကို အသုံးျပဳၿပီး တည္ေဆာက္သြားမယ္လို႔ဆိုပါတယ္။ စဥ္ဆက္မျပတ္ဖြံ့ၿဖိဳးတိုးတက္ေသာ သဘာ၀ပတ္၀န္းက်င္ကို ျဖစ္ေပၚေစဖို႔အတြက္ အေျခခံအေဆာက္အအုံမ်ားဟာ လြယ္ကူ႐ုံ တစ္ခုတည္းနဲ႔ မလုံေလာက္ပါ။ လုံျခဳံမႈရွိဖို႔နဲ႔ လူသားမ်ား ကူးလူးဆက္ဆံနိုင္ေသာ ပတ္၀န္းက်င္ေကာင္းရွိဖို႔ရာလဲ လိုအပ္ပါတယ္။ ဒါဟာ Community အသစ္မ်ားကို ေမြးဖြားေစနိုင္ပါတယ္။

• Mizuno Bank
တရားမ၀င္ေငြလႊဲေရးကို တိုက္ဖ်က္တဲ့ Campaign project တစ္ခုကို Mizuno Bank ကေန အေကာင္အထည္ေဖာ္ေဆာင္ရြက္ခဲ့ပါတယ္။
လူမႈပတ္၀န္းက်င္ျပႆနာမ်ားကို ေျဖရွင္းေပးဖို႔ ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ေဈးကြက္တစ္ခုကို စတင္ျပဳလုပ္ခဲ့ျခင္း ျဖစ္ပါတယ္။ ကုန္ပစၥည္း ၀န္ေဆာင္မႈတို႔ရဲ့ ေကာင္းျခင္း၊ မေကာင္းျခင္းနဲ႔လည္း မသက္ဆိုင္သလို လူမႈ ပတ္၀န္းက်င္ ျပႆနာမ်ားကို အေျဖရွာေပးလို႔ တစ္ခုတည္းေသာ နည္းလမ္းေကာင္းတစ္ခုလည္း ျဖစ္ပါတယ္။ One time password Apply နဲ႔ One time password card ေလၽွာက္ထားသူ 10,000 ေက်ာ္ရင္ NPO ကို လႉဒါန္းတဲ့ အတြက္ေၾကာင့္ လုပ္ငန္းရွင္၊ customer နဲ႔ NPO ေပါင္းၿပီး လူမႈျပႆနာမ်ားကို ေျဖရွင္းကာ စီးပြားေရးပုံစံသစ္နဲ႔ လုပ္ေဆာင္လ်က္ ရွိပါတယ္။
Customer မ်ားနဲ႔အတူ
၁။ ဘာေၾကာင့္ ဒီ project ကို လုပ္သလဲ။
၂။ ဘာေၾကာင့္ NPO ပါ ပါသလဲ။
၃။ လူမႈပတ္ဝန္းက်င္ ျပႆနာေတြကေကာ ဘာဆက္ျဖစ္မလဲ။ စတဲ့ အခ်က္ေတြကို Campaign မွာ အျပန္အလွန္ေျပာၾကားၾကပါတယ္။


• SDGs ရဲ့ လႈပ္ရွားမႈမ်ား
2017ခုႏွစ္ 4 လပိုင္း ဂ်ပန္နိုင္ငံ၊ အိုကီနာဝါမွာ က်င္းပခဲ့တဲ့ပြဲတစ္ခုမွာ Mr. YoshiMoto ဆိုတဲ့ အႏုပညာရွင္ဟာ SDGs ရဲ့ ရည္မွန္းခ်က္ 17 ခုကို သီခ်င္းပုံစံ သီဆိုသြားၿပီး ေဖ်ာ္ေျဖခဲ့ပါတယ္။ SDGs ဟာ လူသိမ်ားေပမယ့္ 17 ခ်က္လုံးရဲ့ အနက္ကိုေတာ့ သိသူနည္းပါေသးတယ္။ ဒါဟာ Mr. YoshiMoto နဲ႔ United Nations တို႔ရဲ့ ပူးေပါင္းေဆာင္ရြက္ျခင္းပဲ ျဖစ္ပါတယ္။ Mr. YoshiMoto ဟာ SDGs နဲ႔ သက္ဆိုင္ေသာ အစီအစဥ္ေတြကိုလည္း ရိုက္ကူးခဲ့ပါေသးတယ္။ ဒါေတြကေတာ့ အႏုပညာရွင္မ်ားရဲ့ SDGs အေပၚ အေျခခံတဲ့ လႈပ္ရွားမႈေတြပဲ ျဖစ္ပါတယ္။ ဒီ့ေနာက္ YoshiMoto Kogyo Co. Ltd. ကို တည္ေထာင္ခဲ့ၿပီး   SDGs အစီအစဥ္မ်ားကိုလည္း တင္ဆက္ခဲ့ပါတယ္။ လူငယ္မ်ားၾကား ေရပန္းစားဖို႔ အတြက္ ေဖ်ာ္ေျဖေရး အင္အားကို အသုံးခ်ကာ ေဆာင္ရြက္ျခင္းတစ္ခုပဲ ျဖစ္ပါတယ္။ ဒါဟာ လူအမ်ားၾကား ပ်ံ႕ႏွံ့မႈႏႈန္း လြယ္ကူေစတယ္လို႔ ဆိုနိုင္ပါတယ္။

ခ်စ္တဲ့-ဟိခါ့လိမိုး
Photo-credit

Leave a comment