အမှတ်တံဆိပ်

တနေ့တော့အိမ်မှာရှိနေတုန်းအခိုက်၊စာတိုက်ကစာပို့လုလင်ဟာကျွန်မရဲ့စာတိုက်ဗုံးထဲကဒ်ငယ်လေးတခုကိုအမှတ်မထင်ထိုးထဲ့လိုက်တာကိုတွေ့လိုက်ရပါတယ်။ဘာများလဲလို့ကြည့်လိုက်ချိန်မှာတော့ကျွန်မရဲ့ကျောင်းတုန်းကခင်ခဲ့တဲ့အသိမိတ်ဆွေတဦးဆီကပို့လိုက်တဲ့”season greeting card” လေးပါ။

ဂျပန်နိုင်ငံမှာတော့၂လပိုင်းလဆန်းပိုင်းကနေပြီးလကုန်ပိုင်းလောက်ထိ”ရော့ခန်းမိမအိ”လို့ခေါ်တဲ့ကဒ်လေးတွေပို့တတ်ကြတာထုံးစံလို့ဆိုရမလား။ပြက္ခဒိန်ကိုကြည့်လိုက်တော့မှဆောင်းအကုန်နွေလဲမရောက်သေးတဲ့နွေဦးရာသီပါလားလို့သတိထားမိပါတော့တယ်။အဲဒီလိုဆိုပေမဲ့လဲဆောင်းရဲ့အငွေ့အသက်ဟာမကုန်သေးပဲကျန်နေဆဲမို့နွေဦးရဲ့ပျော်ရွှင်မှုကတော့အပြည့်အဝမခံစားရသေးဘူးလို့ပဲဆိုရပါမယ်။ဆောင်းရာသီရဲ့အငွေ့အသက်တွေကကျန်နေဆဲမို့မိမိရဲ့မိတ်ဆွေတွေဆီကိုဒီလိုကဒ်လေးတွေပေးပို့ရင်းကျန်းမာရေးဂရုစိုက်ဖို့စကားပါးကြတာကတော့အဲဒီနိုင်ငံရဲ့ထူးခြားတဲ့ယဉ်ကျေးမှုလို့ဆိုရပါမယ်။ဂျပန်လိုနိုင်ငံမှာရောက်ရှိနေတဲ့ကျွန်မအတွက်တော့ဒီလိုပေးပို့တဲ့ကဒ်လေးတွေရတိုင်းနိုင်ငံခြားသားတွေရဲ့သူများနဲ့မတူတဲ့ဓလေ့ထုံးစံတွေ ၊တီထွင်ကြမှုတွေကိုကြည့်ပြီးအဲံဩမိပါတယ်။

အင်္ကျီလက်ဟာပွမနေရင်လှုပ်ရှားလို့မရဘူးဆိုတဲ့ဂျပန်စကားပုံကိုတော့ကြားဖူးပါတယ်။ကျွန်မတို့တတွေလဲကိုယ့်ဆီမှာအပိုအလျှံမရှိပဲန့သူတပါးကိုကူညီဖို့မဖြစ်နိုင်ဘူးလို့ဆိုလိုခြင်းပါ။လူတွေအမြဲပြောပြောနေကြစကားတွေထဲကလူအချင်းချင်းကယ်တင်ဖို့၊အချင်းချင်းထောက်ခံဖို့ဖေးမဖို့ဆိုတဲ့စကားတွေဟာပါးစပ်ကပြောဖို့ထက်၊ရင်ထဲကအမှန်လာဖို့ကပိုအရေးကြီးတယ်လို့ပဲထင်မြင်မိပါတယ်။လူတဦးဟာမိမိရဲ့ပင်ကိုဗီဇအကောင်းအဆိုးအတိုင်းဒီအတိုင်းသွားသင့်တယ် ၊မသွားသင့်ဘူးဆုံးဖြတ်ချက်ချတော့မယ်ဆိုရင်၊ပြန်ရမဲ့ရလာဒ်ကိုအရင်ဆုံးခန့်မှန်းပြီးဆုံးဖြတ်ချကြတယ်လို့ဆိုပါတယ်။ဒီလိုမျိူးတွက်ကြမယ်ဆိုရင်တော့ကျွန်မတို့လူသားတွေကြားတဦးအကျိူးတဦးလိုလားတဲ့အများအတွက်ပံ့ပိုးမှုတွေဟာဝေးနေကြဆဲ၊ဝေးနေဦးမှာပဲဖြစ်ပါတယ်။

အချင်းချင်းအပြန်အလှန်ပံ့ပိုးကျတဲ့အချိန်ဆိုတာအကူအညီလိုအပ်ချိန်တွေပဲမဟုတ်ပါလား။ဒါကြောင့်မိသားစုတွင်းမှာဖြစ်စေ၊မိတ်ဆွေတွေကြားမှာဖြစ်စေ၊အဖွဲ့အစည်းဝင်တွေကြားမှာဖြစ်စေတဦးအကျိုးတဦးမျှော်ပိုးကူညီခြင်းဟာမိမိရဲ့တိုးတက်မှုအတွက်သာမကပတ်ဝန်းကျင်မှာပါအကျိုးဖြစ်ထွန်းမှုတွေဖြစ်ပေါ်စေပါတယ်။ဒါကတော့ဒီကဒ်ကလေးတွေရဲ့လူသားတွေကြားကတဦးအပေါ်တဦးဂရုစိုက်မှုကိုဖော်ပြနေမှုပဲဖြစ်ပါတယ်။

ဒီလိုနဲ့ကျွန်မလဲကျောင်းတုန်းကခင်ခဲ့တဲ့သူတို့အကြောင်းပြန်တွေးရင်း၊မဖွင့်ဖြစ်တာကြာပြီဖြစ်တဲ့အံဆွဲတခုကိုဖွင့်ရင်း၊မတွေ့တာကြာပြီဖြစ်တဲ့အမှတ်တရပစ္စည်းတခုကိုကောက်ကိုင်မိလိုက်ပါတော့တယ်။တချိန်ကအမြတ်တနိုးထားတဲ့ပစ္စည်းလေးဖြစ်ခဲ့သလို၊ခုထိလဲသိမ်းထားဆဲရှိနေတာကတော့နောင်တချိန်မှာလဲကြုံခဲ့ရင်ဒီလိုပဲအမှတ်တရတွေကိုပြန်ပြောင်းအောက်မေ့နိုင်မယ်လို့ထင်မိပါရဲ့။ဒီပစ္စည်းလေးကတော့လွန်ခဲ့တဲ့၁၀စုနှစ်တခုစာကကျောင်းတော်ကြီးကရရှိခဲ့တဲ့”ကျောင်းတံဆိပ်ရင်ထိုး”လေးပါ။ငယ်စဉ်ကမြန်မာနိုင်ငံမှာကြီးပြင်းခဲ့တဲ့ကျွန်မဟာကျောင်းရဲ့အမှတ်အသားဆိုလို့ကျောင်းနာမည်တွေကိုအင်္ကျီရဲ့ဗယ်ဘက်ရင်အုံအပေါ်မှာတပ်ဆင်လေ့ရှိတာကိုသတိရမိပါတယ်။ဒီလိုကျောင်းတံဆိပ်တွေကိုကျောင်းစဖွင့်ပြီဆိုတာနဲ့အလုအယက်ဝယ်ယူကြရပါတယ်။အင်္ကျီများများဝတ်ချင်ရင်တံဆိပ်များများဝယ်ယူကြရတာပေါ့။ဒီလိုနဲ့ကျောင်းကဆရာဆရာမတွေဟာတံဆိပ်တွေကိုအများကြီးထုတ်လုပ်ပြီးကျောင်းသူကျောင်းသားတွေဆီအရောက်ပို့ကြရပါတော့တယ်။အတန်းပေါင်းစုံရဲ့တံဆိပ်ကတော့ကွဲမသွားပါဘူး။ဒီကျောင်းရဲ့နာမည်ကိုပဲသုံးကြပါတယ်။

ဂျပန်မှာလဲဒီလိုပါပဲ။ကျောင်းတက်ချိန်စပြီဆိုတာနဲ့မဖြစ်မနေကျောင်းတံဆိပ်ရင်ထိုးတွေကိုအင်္ကျီမှာတပ်ဆင်ရပါတယ်။အတန်းသေးကအစအတန်းကြီးတွေအထိတံဆိပ်တမျိုးပဲတပ်ပါတယ်။ဒါဟာမိမိကျောင်းအတွင်းကလူလား၊ပြင်ပကလူလားဆိုတာသိရှိဖို့ဖြစ်ပါတယ်။ဒါတင်မကသေးပါဘူး။ကျောင်းပြင်ပတနေရာမှာကျောင်းသားတဦးဦးဒုက္ခရောက်နေရင်၊မိမိကျောင်းကကျောင်းသားအချင်းချင်းကူညီဖို့နဲ့ယူနီဖောင်းဝတ်ထားတဲ့ကျောင်းသားတဦးစည်းကမ်းရှိမှုမရှိမှုဆိုတာကိုကျောင်းတံဆိပ်မြင်တာနဲ့ဘယ်ကျောင်းကလဲဆိုတာတန်းသိနိုင်ပါသေးတယ်။ဒါကိုကြည့်မယ်ဆိုရင်တံဆိပ်ဟာကျောင်းတခုရဲ့အတန်းပေါ်မကြည့်ပဲ၊အချင်းချင်းစည်းလုံးဖို့နဲ့ဖေးမဖို့သက်သက်သာရည်ရွယ်တာဖြစ်တယ်လို့သိရပါတယ်။တနည်းအားဖြင့်တံဆိပ်ဆိုတာတခုထဲပဲရှိရင်ရပါပြီ။တံဆိပ်ထက်ပေါင်းစည်းမှုဟာအရေးကြီးတယ်ဆိုတာသိနိုင်ပါတယ်။ဒါကြောင့်လဲအားလုံးကဒီတံဆိပ်ကိုကြိုက်ကြတာမဟုတ်ပါလား။ဒါ့အပြင်ကျောင်းတံဆိပ်ရင်ထိုးနဲ့ကုမ္ပဏီကဒ်စတာတွေကိုကျောင်းအချိန်နဲ့အလုပ်အချိန်တွေမှာသာသုံးဖို့ညွှန်ကြားထားပါသေးတယ်။ဒါကတော့ဂုဏ်သိက္ခာကိုထိန်းသိမ်းဖို့ဖြစ်ပါတယ်။ဒီလိုထိန်းသိမ်းခြင်းဟာကျင့်ဝတ်နဲ့ညီတယ်လို့ဆိုနိုင်ပါတယ်။

“ထိန်းသိမ်းစောင့်ရှောက်ခြင်း”ဆိုတာဟာအထူးသဖြင့်အများပိုင်နေရာတွေနဲ့လူအများသွားလာလှုပ်ရှားရာနေရာတွေမှာပြုလုပ်ကြတဲ့အလေ့အထတခုလို့ထင်ပါတယ်။ကျွန်မမြန်မာနိုင်ငံမှာနေခဲ့စဉ်ကအိမ်နဲ့အလုပ်သွားရာလမ်းကြားမှာရွှေတိဂုံဘုရားရှိပါတယ်။ဒါကြောင့်ရွှေတိဂုံဘုရားဟာကျွန်မနဲ့နီးတယ်လို့ဆိုနိုင်ပါတယ်။အလုပ်အားရက်တွေသာမက၊နယ်ကမိတ်ဆွေတွေရန်ကုန်လာလည်ရင်ပါရွှေတိဂုံဘုရားကိုပို့ပေးဖြစ်ပါတယ်။ဘုရားဟာညနေနေအဝင်ချိန်ကျော်ပေမဲ့လဲ၊လျှပ်စစ်မီးအလင်းရောင်ကြောင့်အမြဲလင်းထိန်နေပါတယ်။ဘုရားတက်တိုင်းသတိထားမိတာကတော့ရွှေတိဂုံဘုရားဟာအမြဲပြုပြင်နေတာကိုပါ။ဘုရားရောက်တိုင်းတနေရာမဟုတ်တနေရာဟာပြင်ဆင်နေတာတွေ့မြင်ရပါတယ်။ဒါကိုမြင်တော့ကျွန်မလဲဘေးကပါလာတဲ့ဦးလေးကိုမေးခွန်းထုတ်မိပါတယ်။သူကတော့အများပိုင်နေရာဆိုတာကအမြဲပြုပြင်ပြောင်းလဲဖို့လိုတယ်လို့ဆိုပါတယ်။အများပိုင်နေရာတွေဆိုတာကအများပြည်သူရဲ့ငွေကြေးနဲ့ရပ်တည်နေရပါတယ်။ဒီတော့အများကောင်းကျိုးအတွက်ပံ့ပိုးဖို့ကသူတို့တွေရဲ့အဓိကအလုပ်လို့ဆိုပါတယ်။တကယ်လဲအမှန်ပါပဲ။ဘုရားသွားပြီဆိုတာနဲ့လူတိုင်းကဘုရားကိုရေသပ္ပါယ်လိုက်၊အလှူငွေထည့်လိုက်စတာတွေကိုမဖြစ်မနေလို့မပြောပေမဲ့လဲလူတိုင်းလိုလိုလုပ်ကြပါတယ်။ဒီငွေကြေးအလှုငွေတွေရှိလို့သာဂေါပကအဖွဲ့တွေဟာပြုပြင်ရေး၊ထိန်းသိမ်းရေးတွေလုပ်ဆောင်နိုင်ကြပါတယ်။

ဒီနေရာမှာသေသေချာချာဆိုတဲ့စကားတခွန်းလဲသတိရမိပါသေးတယ်။သေသေချာချာလုပ်၊သေသေချာချာထိန်းသိမ်းစတဲ့စကားတွေဟာအရာရာကိုအကောင်းဆုံးဖြစ်စေချင်တဲ့စိတ်ဆန္ဒလို့ဆိုနိုင်ပါတယ်။အချိန်ကိုက်ရဲ့လား၊ငွေကောင်တာကငွေတွေကိုက်ရဲ့လားလို့မေးရင်လဲသေချာမှုနဲ့ပဲဆိုကြပါတယ်။ဒါကြောင့်ဘာမဆိုသေသေချာချာလုပ်ဆိုတဲ့စကားဟာလူတွေပါးစပ်ဖျားထဲရောက်လာပါတော့တယ်။ဒီလိုပဲပေးထားတဲ့ဂတိအတိုင်းသေသေချာချာအချိန်မှန်လာဖို့၊အများနဲ့တန်းတူဖြစ်အောင်ယူနီဖောင်းကိုသပ်သပ်ရပ်ရပ်နဲ့သေသေချာချာဝတ်ဖို့၊လူအများကြားအမြင်တင့်အောင်အနေအထိုင်သပ်ရပ်ဖို့လဲလိုပါတယ်။ဒါကတော့သေချာစွာလုပ်ကိုင်မှုတွေရဲ့ရလာဒ်ပဲဖြစ်ပါတယ်။

တကယ်တော့ကျွန်မတို့အားလုံးဟာအမျိုးမျိူးသောဆုံးဖြတ်မှုတွေအောက်မှာဂတိဂဝတ်တွေကြားမှာအလုပ်လုပ်ကြရပါတယ်။ဒါကလဲလူသားအားလုံးနဲ့အတူယှဉ်တွဲဖို့ရည်ရွယ်ပါတယ်။customer တွေကြားနဲ့ဝန်ထမ်းတွေအချင်းချင်းကြားမှာဂတိတည်ရမှာဟာထုံးတမ်းအစဉ်အလာတခုလို့အများလက်ခံကြပါတယ်။မိမိအဖွဲ့အစည်းယုံကြည်မှုရဖို့ကိုအဖွဲ့ဝင်တွေအချင်းချင်းကြိုးပမ်းဖို့ပဲရှိပါတယ်။အလုပ်တခုဝင်ရင်အလုပ်ရဲ့ကျင့်ဝတ်တွေလိုက်နာဖို့လက်ခံကြရသလို၊အလုပ်အင်တာဗျူးမှာပေးခဲ့တဲ့ဂတိတွေကိုလဲအလုပ်ဝင်ပြီးနောက်ပိုင်းလဲကျင့်သုံးကြိုးစားရမှာဖြစ်ပါတယ်။မိမိရဲ့စကားတခွန်းဟာမိမိကိုယ်တိုင်မေ့နေစေပါဦး၊နားထောင်ခဲ့သူကတော့မှတ်မိနေမှာပါ။ပေးထားတဲ့ဂတိတွေသာတည်မယ်ဆိုရင်အထက်လူကြီးသာမက၊လက်ဖော်ကိုင်ဖက်နဲ့ဂျူနီယာတွေဆီကပါယုံကြည်မှုတွေသိမ်းပိုက်နိုင်ဦးမှာပါ။ဒ့ကလဲနာမည်ကြီးတံဆိပ်တွေရဲ့ကျင့်ထုံးတွေမဟုတ်ပါလား။

အများအကျိူးလိုလားတဲ့စိတ်ဓာတ်တွေတူညီကြမယ်ဆိုရင်၊လမ်းများစွာကနေသွားဦးနောက်ဆုံးပန်းတိုင်မှာတော့တကူးတကချိန်းဆိုနေဖို့တောင်မလိုပဲဆုံတွေ့ကြမှာဖြစ်တယ်လို့ယုံကြည်ရင်း……….

ချစ်တဲ့-ဟိခါ့လိမိုး

အမွတ္တံဆိပ္

တေန႔ေတာ့အိမ္မွာရွိေနတုန္းအခိုက္၊စာတိုက္ကစာပို႔လုလင္ဟာကၽြန္မရဲ့စာတိုက္ဗုံးထဲကဒ္ငယ္ေလးတခုကိုအမွတ္မထင္ထိုးထဲ့လိုက္တာကိုေတြ႕လိုက္ရပါတယ္။ဘာမ်ားလဲလို႔ၾကည့္လိုက္ခ်ိန္မွာေတာ့ကၽြန္မရဲ့ေက်ာင္းတုန္းကခင္ခဲ့တဲ့အသိမိတ္ေဆြတဦးဆီကပို႔လိုက္တဲ့”season greeting card” ေလးပါ။

ဂ်ပန္နိုင္ငံမွာေတာ့၂လပိုင္းလဆန္းပိုင္းကေနၿပီးလကုန္ပိုင္းေလာက္ထိ”ေရာ့ခန္းမိမအိ”လို႔ေခၚတဲ့ကဒ္ေလးေတြပို႔တတ္ၾကတာထုံးစံလို႔ဆိုရမလား။ျပကၡဒိန္ကိုၾကည့္လိုက္ေတာ့မွေဆာင္းအကုန္ေႏြလဲမေရာက္ေသးတဲ့ေႏြဦးရာသီပါလားလို႔သတိထားမိပါေတာ့တယ္။အဲဒီလိုဆိုေပမဲ့လဲေဆာင္းရဲ့အေငြ႕အသက္ဟာမကုန္ေသးပဲက်န္ေနဆဲမို႔ေႏြဦးရဲ့ေပ်ာ္ရႊင္မႈကေတာ့အျပည့္အဝမခံစားရေသးဘူးလို႔ပဲဆိုရပါမယ္။ေဆာင္းရာသီရဲ့အေငြ႕အသက္ေတြကက်န္ေနဆဲမို႔မိမိရဲ့မိတ္ေဆြေတြဆီကိုဒီလိုကဒ္ေလးေတြေပးပို႔ရင္းက်န္းမာေရးဂ႐ုစိုက္ဖို႔စကားပါးၾကတာကေတာ့အဲဒီနိုင္ငံရဲ့ထူးျခားတဲ့ယဥ္ေက်းမႈလို႔ဆိုရပါမယ္။ဂ်ပန္လိုနိုင္ငံမွာေရာက္ရွိေနတဲ့ကၽြန္မအတြက္ေတာ့ဒီလိုေပးပို႔တဲ့ကဒ္ေလးေတြရတိုင္းနိုင္ငံျခားသားေတြရဲ့သူမ်ားနဲ႔မတူတဲ့ဓေလ့ထုံးစံေတြ ၊တီထြင္ၾကမႈေတြကိုၾကည့္ၿပီးအဲံဩမိပါတယ္။

အကၤ်ီလက္ဟာပြမေနရင္လႈပ္ရွားလို႔မရဘူးဆိုတဲ့ဂ်ပန္စကားပုံကိုေတာ့ၾကားဖူးပါတယ္။ကၽြန္မတို႔တေတြလဲကိုယ့္ဆီမွာအပိုအလၽွံမရွိပဲန႔သူတပါးကိုကူညီဖို႔မျဖစ္နိုင္ဘူးလို႔ဆိုလိုျခင္းပါ။လူေတြအျမဲေျပာေျပာေနၾကစကားေတြထဲကလူအခ်င္းခ်င္းကယ္တင္ဖို႔၊အခ်င္းခ်င္းေထာက္ခံဖို႔ေဖးမဖို႔ဆိုတဲ့စကားေတြဟာပါးစပ္ကေျပာဖို႔ထက္၊ရင္ထဲကအမွန္လာဖို႔ကပိုအေရးႀကီးတယ္လို႔ပဲထင္ျမင္မိပါတယ္။လူတဦးဟာမိမိရဲ့ပင္ကိုဗီဇအေကာင္းအဆိုးအတိုင္းဒီအတိုင္းသြားသင့္တယ္ ၊မသြားသင့္ဘူးဆုံးျဖတ္ခ်က္ခ်ေတာ့မယ္ဆိုရင္၊ျပန္ရမဲ့ရလာဒ္ကိုအရင္ဆုံးခန႔္မွန္းၿပီးဆုံးျဖတ္ခ်ၾကတယ္လို႔ဆိုပါတယ္။ဒီလိုမ်ိဴးတြက္ၾကမယ္ဆိုရင္ေတာ့ကၽြန္မတို႔လူသားေတြၾကားတဦးအက်ိဴးတဦးလိုလားတဲ့အမ်ားအတြက္ပံ့ပိုးမႈေတြဟာေဝးေနၾကဆဲ၊ေဝးေနဦးမွာပဲျဖစ္ပါတယ္။

အခ်င္းခ်င္းအျပန္အလွန္ပံ့ပိုးက်တဲ့အခ်ိန္ဆိုတာအကူအညီလိုအပ္ခ်ိန္ေတြပဲမဟုတ္ပါလား။ဒါေၾကာင့္မိသားစုတြင္းမွာျဖစ္ေစ၊မိတ္ေဆြေတြၾကားမွာျဖစ္ေစ၊အဖြဲ႕အစည္းဝင္ေတြၾကားမွာျဖစ္ေစတဦးအက်ိဳးတဦးေမၽွာ္ပိုးကူညီျခင္းဟာမိမိရဲ့တိုးတက္မႈအတြက္သာမကပတ္ဝန္းက်င္မွာပါအက်ိဳးျဖစ္ထြန္းမႈေတြျဖစ္ေပၚေစပါတယ္။ဒါကေတာ့ဒီကဒ္ကေလးေတြရဲ့လူသားေတြၾကားကတဦးအေပၚတဦးဂ႐ုစိုက္မႈကိုေဖာ္ျပေနမႈပဲျဖစ္ပါတယ္။

ဒီလိုနဲ႔ကၽြန္မလဲေက်ာင္းတုန္းကခင္ခဲ့တဲ့သူတို႔အေၾကာင္းျပန္ေတြးရင္း၊မဖြင့္ျဖစ္တာၾကာၿပီျဖစ္တဲ့အံဆြဲတခုကိုဖြင့္ရင္း၊မေတြ႕တာၾကာၿပီျဖစ္တဲ့အမွတ္တရပစၥည္းတခုကိုေကာက္ကိုင္မိလိုက္ပါေတာ့တယ္။တခ်ိန္ကအျမတ္တနိုးထားတဲ့ပစၥည္းေလးျဖစ္ခဲ့သလို၊ခုထိလဲသိမ္းထားဆဲရွိေနတာကေတာ့ေနာင္တခ်ိန္မွာလဲၾကဳံခဲ့ရင္ဒီလိုပဲအမွတ္တရေတြကိုျပန္ေျပာင္းေအာက္ေမ့နိုင္မယ္လို႔ထင္မိပါရဲ့။ဒီပစၥည္းေလးကေတာ့လြန္ခဲ့တဲ့၁၀စုႏွစ္တခုစာကေက်ာင္းေတာ္ႀကီးကရရွိခဲ့တဲ့”ေက်ာင္းတံဆိပ္ရင္ထိုး”ေလးပါ။ငယ္စဥ္ကျမန္မာနိုင္ငံမွာႀကီးျပင္းခဲ့တဲ့ကၽြန္မဟာေက်ာင္းရဲ့အမွတ္အသားဆိုလို႔ေက်ာင္းနာမည္ေတြကိုအကၤ်ီရဲ့ဗယ္ဘက္ရင္အုံအေပၚမွာတပ္ဆင္ေလ့ရွိတာကိုသတိရမိပါတယ္။ဒီလိုေက်ာင္းတံဆိပ္ေတြကိုေက်ာင္းစဖြင့္ၿပီဆိုတာနဲ႔အလုအယက္ဝယ္ယူၾကရပါတယ္။အကၤ်ီမ်ားမ်ားဝတ္ခ်င္ရင္တံဆိပ္မ်ားမ်ားဝယ္ယူၾကရတာေပါ့။ဒီလိုနဲ႔ေက်ာင္းကဆရာဆရာမေတြဟာတံဆိပ္ေတြကိုအမ်ားႀကီးထုတ္လုပ္ၿပီးေက်ာင္းသူေက်ာင္းသားေတြဆီအေရာက္ပို႔ၾကရပါေတာ့တယ္။အတန္းေပါင္းစုံရဲ့တံဆိပ္ကေတာ့ကြဲမသြားပါဘူး။ဒီေက်ာင္းရဲ့နာမည္ကိုပဲသုံးၾကပါတယ္။

ဂ်ပန္မွာလဲဒီလိုပါပဲ။ေက်ာင္းတက္ခ်ိန္စၿပီဆိုတာနဲ႔မျဖစ္မေနေက်ာင္းတံဆိပ္ရင္ထိုးေတြကိုအကၤ်ီမွာတပ္ဆင္ရပါတယ္။အတန္းေသးကအစအတန္းႀကီးေတြအထိတံဆိပ္တမ်ိဳးပဲတပ္ပါတယ္။ဒါဟာမိမိေက်ာင္းအတြင္းကလူလား၊ျပင္ပကလူလားဆိုတာသိရွိဖို႔ျဖစ္ပါတယ္။ဒါတင္မကေသးပါဘူး။ေက်ာင္းျပင္ပတေနရာမွာေက်ာင္းသားတဦးဦးဒုကၡေရာက္ေနရင္၊မိမိေက်ာင္းကေက်ာင္းသားအခ်င္းခ်င္းကူညီဖို႔နဲ႔ယူနီေဖာင္းဝတ္ထားတဲ့ေက်ာင္းသားတဦးစည္းကမ္းရွိမႈမရွိမႈဆိုတာကိုေက်ာင္းတံဆိပ္ျမင္တာနဲ႔ဘယ္ေက်ာင္းကလဲဆိုတာတန္းသိနိုင္ပါေသးတယ္။ဒါကိုၾကည့္မယ္ဆိုရင္တံဆိပ္ဟာေက်ာင္းတခုရဲ့အတန္းေပၚမၾကည့္ပဲ၊အခ်င္းခ်င္းစည္းလုံးဖို႔နဲ႔ေဖးမဖို႔သက္သက္သာရည္ရြယ္တာျဖစ္တယ္လို႔သိရပါတယ္။တနည္းအားျဖင့္တံဆိပ္ဆိုတာတခုထဲပဲရွိရင္ရပါၿပီ။တံဆိပ္ထက္ေပါင္းစည္းမႈဟာအေရးႀကီးတယ္ဆိုတာသိနိုင္ပါတယ္။ဒါေၾကာင့္လဲအားလုံးကဒီတံဆိပ္ကိုႀကိဳက္ၾကတာမဟုတ္ပါလား။ဒါ့အျပင္ေက်ာင္းတံဆိပ္ရင္ထိုးနဲ႔ကုမၸဏီကဒ္စတာေတြကိုေက်ာင္းအခ်ိန္နဲ႔အလုပ္အခ်ိန္ေတြမွာသာသုံးဖို႔ညႊန္ၾကားထားပါေသးတယ္။ဒါကေတာ့ဂုဏ္သိကၡာကိုထိန္းသိမ္းဖို႔ျဖစ္ပါတယ္။ဒီလိုထိန္းသိမ္းျခင္းဟာက်င့္ဝတ္နဲ႔ညီတယ္လို႔ဆိုနိုင္ပါတယ္။

“ထိန္းသိမ္းေစာင့္ေရွာက္ျခင္း”ဆိုတာဟာအထူးသျဖင့္အမ်ားပိုင္ေနရာေတြနဲ႔လူအမ်ားသြားလာလႈပ္ရွားရာေနရာေတြမွာျပဳလုပ္ၾကတဲ့အေလ့အထတခုလို႔ထင္ပါတယ္။ကၽြန္မျမန္မာနိုင္ငံမွာေနခဲ့စဥ္ကအိမ္နဲ႔အလုပ္သြားရာလမ္းၾကားမွာေရႊတိဂုံဘုရားရွိပါတယ္။ဒါေၾကာင့္ေရႊတိဂုံဘုရားဟာကၽြန္မနဲ႔နီးတယ္လို႔ဆိုနိုင္ပါတယ္။အလုပ္အားရက္ေတြသာမက၊နယ္ကမိတ္ေဆြေတြရန္ကုန္လာလည္ရင္ပါေရႊတိဂုံဘုရားကိုပို႔ေပးျဖစ္ပါတယ္။ဘုရားဟာညေနေနအဝင္ခ်ိန္ေက်ာ္ေပမဲ့လဲ၊လၽွပ္စစ္မီးအလင္းေရာင္ေၾကာင့္အျမဲလင္းထိန္ေနပါတယ္။ဘုရားတက္တိုင္းသတိထားမိတာကေတာ့ေရႊတိဂုံဘုရားဟာအျမဲျပဳျပင္ေနတာကိုပါ။ဘုရားေရာက္တိုင္းတေနရာမဟုတ္တေနရာဟာျပင္ဆင္ေနတာေတြ႕ျမင္ရပါတယ္။ဒါကိုျမင္ေတာ့ကၽြန္မလဲေဘးကပါလာတဲ့ဦးေလးကိုေမးခြန္းထုတ္မိပါတယ္။သူကေတာ့အမ်ားပိုင္ေနရာဆိုတာကအျမဲျပဳျပင္ေျပာင္းလဲဖို႔လိုတယ္လို႔ဆိုပါတယ္။အမ်ားပိုင္ေနရာေတြဆိုတာကအမ်ားျပည္သူရဲ့ေငြေၾကးနဲ႔ရပ္တည္ေနရပါတယ္။ဒီေတာ့အမ်ားေကာင္းက်ိဳးအတြက္ပံ့ပိုးဖို႔ကသူတို႔ေတြရဲ့အဓိကအလုပ္လို႔ဆိုပါတယ္။တကယ္လဲအမွန္ပါပဲ။ဘုရားသြားၿပီဆိုတာနဲ႔လူတိုင္းကဘုရားကိုေရသပၸါယ္လိုက္၊အလႉေငြထည့္လိုက္စတာေတြကိုမျဖစ္မေနလို႔မေျပာေပမဲ့လဲလူတိုင္းလိုလိုလုပ္ၾကပါတယ္။ဒီေငြေၾကးအလႈေငြေတြရွိလို႔သာေဂါပကအဖြဲ႕ေတြဟာျပဳျပင္ေရး၊ထိန္းသိမ္းေရးေတြလုပ္ေဆာင္နိုင္ၾကပါတယ္။

ဒီေနရာမွာေသေသခ်ာခ်ာဆိုတဲ့စကားတခြန္းလဲသတိရမိပါေသးတယ္။ေသေသခ်ာခ်ာလုပ္၊ေသေသခ်ာခ်ာထိန္းသိမ္းစတဲ့စကားေတြဟာအရာရာကိုအေကာင္းဆုံးျဖစ္ေစခ်င္တဲ့စိတ္ဆႏၵလို႔ဆိုနိုင္ပါတယ္။အခ်ိန္ကိုက္ရဲ့လား၊ေငြေကာင္တာကေငြေတြကိုက္ရဲ့လားလို႔ေမးရင္လဲေသခ်ာမႈနဲ႔ပဲဆိုၾကပါတယ္။ဒါေၾကာင့္ဘာမဆိုေသေသခ်ာခ်ာလုပ္ဆိုတဲ့စကားဟာလူေတြပါးစပ္ဖ်ားထဲေရာက္လာပါေတာ့တယ္။ဒီလိုပဲေပးထားတဲ့ဂတိအတိုင္းေသေသခ်ာခ်ာအခ်ိန္မွန္လာဖို႔၊အမ်ားနဲ႔တန္းတူျဖစ္ေအာင္ယူနီေဖာင္းကိုသပ္သပ္ရပ္ရပ္နဲ႔ေသေသခ်ာခ်ာဝတ္ဖို႔၊လူအမ်ားၾကားအျမင္တင့္ေအာင္အေနအထိုင္သပ္ရပ္ဖို႔လဲလိုပါတယ္။ဒါကေတာ့ေသခ်ာစြာလုပ္ကိုင္မႈေတြရဲ့ရလာဒ္ပဲျဖစ္ပါတယ္။

တကယ္ေတာ့ကၽြန္မတို႔အားလုံးဟာအမ်ိဳးမ်ိဴးေသာဆုံးျဖတ္မႈေတြေအာက္မွာဂတိဂဝတ္ေတြၾကားမွာအလုပ္လုပ္ၾကရပါတယ္။ဒါကလဲလူသားအားလုံးနဲ႔အတူယွဥ္တြဲဖို႔ရည္ရြယ္ပါတယ္။customer ေတြၾကားနဲ႔ဝန္ထမ္းေတြအခ်င္းခ်င္းၾကားမွာဂတိတည္ရမွာဟာထုံးတမ္းအစဥ္အလာတခုလို႔အမ်ားလက္ခံၾကပါတယ္။မိမိအဖြဲ႕အစည္းယုံၾကည္မႈရဖို႔ကိုအဖြဲ႕ဝင္ေတြအခ်င္းခ်င္းႀကိဳးပမ္းဖို႔ပဲရွိပါတယ္။အလုပ္တခုဝင္ရင္အလုပ္ရဲ့က်င့္ဝတ္ေတြလိုက္နာဖို႔လက္ခံၾကရသလို၊အလုပ္အင္တာဗ်ဴးမွာေပးခဲ့တဲ့ဂတိေတြကိုလဲအလုပ္ဝင္ၿပီးေနာက္ပိုင္းလဲက်င့္သုံးႀကိဳးစားရမွာျဖစ္ပါတယ္။မိမိရဲ့စကားတခြန္းဟာမိမိကိုယ္တိုင္ေမ့ေနေစပါဦး၊နားေထာင္ခဲ့သူကေတာ့မွတ္မိေနမွာပါ။ေပးထားတဲ့ဂတိေတြသာတည္မယ္ဆိုရင္အထက္လူႀကီးသာမက၊လက္ေဖာ္ကိုင္ဖက္နဲ႔ဂ်ဴနီယာေတြဆီကပါယုံၾကည္မႈေတြသိမ္းပိုက္နိုင္ဦးမွာပါ။ဒ့ကလဲနာမည္ႀကီးတံဆိပ္ေတြရဲ့က်င့္ထုံးေတြမဟုတ္ပါလား။

အမ်ားအက်ိဴးလိုလားတဲ့စိတ္ဓာတ္ေတြတူညီၾကမယ္ဆိုရင္၊လမ္းမ်ားစြာကေနသြားဦးေနာက္ဆုံးပန္းတိုင္မွာေတာ့တကူးတကခ်ိန္းဆိုေနဖို႔ေတာင္မလိုပဲဆုံေတြ႕ၾကမွာျဖစ္တယ္လို႔ယုံၾကည္ရင္း……….

ခ်စ္တဲ့-ဟိခါ့လိမိုး

Leave a comment